(၁၉-၁-၂၀၂၄ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အီဂျစ် အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စစ် အေယာ ဆာအဒ် မိုဟာမက် အာဘ်ဒယ်ကာရင်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်၊ ၁၄:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာ-အီဂျစ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု အစရှိသော ကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား သဘောတူညီချက် များအား အကောင်အထည်ဖော်ဆောင်သွားရေးနှင့် လက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ် များကို ဆက်လက်ညှိနှိုင်းဆွေးနွေးရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

**************************************

Deputy Minister for Foreign Affairs receives Egypt Ambassador to Myanmar

(19-1-2024, Nay Pyi Taw)

U Lwin Oo, Deputy Minister for Foreign Affairs of the Republic of the Union of Myanmar, received H.E. Mrs. Aya Saad Mohamed Abdelkarim, Ambassador Extraordinary and Plenipotentiary of the Arab Republic of Egypt to the Republic of the Union of Myanmar at the Ministry of Foreign Affairs, Nay Pyi Taw, at 14:00 hrs on 19 January 2024.
During the meeting, they cordially exchanged views on matters pertaining to the further enhancement of the existing friendly bilateral relations, mutually beneficial cooperation in the areas including trade and investment, agriculture, education and culture, implementation of the existing bilateral agreements and resumption of ongoing negotiations for cooperation agreements, and enhancement of collaboration both in the regional and multilateral arenas.

20240404-03

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.