(၂၉-၁၁-၂၀၂၃ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေး ကူးမား အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်၊ (၀၉၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး တို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

*******************************************

Deputy Prime Minister and Union Minister for Foreign Affairs receives Ambassador of India to Myanmar

(29 November 2023, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received H.E. Mr. Vinay Kumar, Ambassador Extraordinary and Plenipotentiary of the Republic of India to the Republic of the Union of Myanmar, at 0900 hrs on 29 November 2023 at the Ministry of Foreign Affairs in Nay Pyi Taw.
During the call, they cordially exchanged views on matters pertaining to the further enhancement of existing traditional bonds of friendship and mutually beneficial cooperation between the two countries, and closer collaboration for maintenance of peace and stability, rule of law and development of the border areas between Myanmar and India.

20231201-36

20231201-36

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.