(၂၁-၁၁-၂၀၂၃ ရက်၊ နေပြည်တော်)

၂၀၂၃ ခုနှစ်၊ မေလအတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် သဘာဝဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ဗီယင်ကျန်းမြို့၊ မြန်မာသံရုံးမှတစ်ဆင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၅၀,၀၀၀/-၊ စင်ကာပူမြို့၊ မြန်မာသံရုံးမှတစ်ဆင့် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ လှူဒါန်းသည့် စင်ကာပူဒေါ်လာ ၆၀၀/-နှင့် ဆိုးလ်မြို့၊ မြန်မာသံရုံးမှတစ်ဆင့် ကိုရီးယားသမ္မတနိုင်ငံ၊ Electronic Telecommunication Research Institute (ETRI) မှ Project Manager of Korea Mr. Ahn Jae-young မှ လှူဒါန်းသည့် ကိုရီးယားဝမ် (၁)သန်းနှင့်ညီမျှသည့် အမေရိကန် ဒေါ်လာ ၇၃၈/- တို့အား ကောင်းမွန်စွာ လက်ခံရရှိခဲ့ပါသည်။
အဆိုပါလှူဒါန်းငွေများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးမှ ၂၁-၁၁-၂၀၂၃ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃)၌ ပေးအပ်လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။

20231201-31

20231201-31

20231201-31

20231201-31

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.