(၁၄-၁၁-၂၀၂၃ ရက်၊ အော်တာဝါမြို့)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အာဆီယံကော်မတီ(အော်တာဝါ)၏ အလှည့်ကျဥက္ကဌ မလေးရှား သံအမတ်ကြီး H.E. Anizan Siti Hajjar Adnin ၏နေအိမ်၌ ကျင်းပသည့် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa - ACO) သံရုံးအကြီးအကဲများ၏ (၂၈၃) ကြိမ်မြောက်အစည်းအဝေးနှင့် ကော်မတီ၏အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းလက်ခံသည့် အခမ်းအနားသို့ အော်တာဝါမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။
ကော်မတီအစည်းအဝေးတွင် အာဆီယံသံအမတ်ကြီးများက မလေးရှားသံအမတ်ကြီး၏ အလှည့်ကျဥက္ကဋ္ဌသက်တမ်းကာလအတွင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနရှိ အဆင့်မြင့်အရာရှိ ကြီးများနှင့် အလုပ်သဘောနေ့လယ်စာစားပွဲများ ကျင်းပပြုလုပ်နိုင်ခဲ့သည့်ကိစ္စနှင့် အာဆီယံနေ့ (ASEAN Day) အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနား ကျင်းပပြုလုပ်နိုင်ခဲ့သည့်ကိစ္စတို့အပါအဝင် အာဆီယကော်မတီ၏လုပ်ငန်းအစီအစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့သည့်ကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့နောက် မလေးရှား သံအမတ်ကြီးကကော်မတီ၏အလှည့်ကျဥက္ကဋ္ဌတာဝန်ကို မြန်မာသံအမတ်ကြီးထံသို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် မြန်မာသံအမတ်ကြီးအနေဖြင့် အာဆီယံကော်မတီ(အော်တာဝါ) ၏ အလှည့်ကျဥက္ကဌတာဝန်ကို (၁-၁-၂၀၂၄)ရက်နေ့မှ (၃၀-၆-၂၀၂၄) ရက်နေ့အထိ ထမ်းဆောင် မည်ဖြစ်ကြောင်း သိရှိရပါသည်။

20231201-19

20231201-19

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.