(၉-၁၁-၂၀၂၃ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်၊ ၁၁၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာအစိုးရနှင့် ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းများ အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် လိုအပ်နေသည့် ပြည်သူများထံသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အဆင်ပြေချောမွေ့စွာ ပေးအပ်နိုင်ရေး နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ရန်ကုန်မြို့ရှိ UNOCHA ရုံး၏ ဒုတိယအကြီးအကဲဖြစ်သူ Ms. Danielle Parry တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။


**********************************
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs receives Mr. Sajjad Mohammad Sajid, Head of Office of the United Nations Office for the Coordination of Humanitarian Affairs (UNOCHA)

(9 November 2023, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs received Mr. Sajjad Mohammad Sajid, Head of Office of the United Nations Office for the Coordination of Humanitarian Affairs (UNOCHA) at 1100 hrs on 9 November 2023 at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they discussed matters related to cooperation between the Government of Myanmar and the United Nations agencies, and the facilitation for the provision of humanitarian assistance to the needy population.
Also present at the meeting were the senior officials from the Ministry of Foreign Affairs and Ms. Danielle Parry, Deputy Head of Office for UNOCHA in Yangon.

20231201-13

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.