(၃-၁၁-၂၀၂၃ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး Mr. Nong Rong နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ၃-၁၁-၂၀၂၃ ရက်၊ ၁၆၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပခဲ့သည်။
အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက်ပိုမိုခိုင်မာလာစေရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်ရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်မှ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် သွားရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားရေး၊ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သွားမည့် အခြေအနေ၊ အာဆီယံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုယန္တရား မူဘောင်အောက်တို့မှ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်သွားရေးကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် နှစ်နိုင်ငံ အပြန်အလှန်ထောက်ခံရပ်တည်သွားရေးနှင့် အကျိုးတူကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ ထို့ပြင် ဒုတိယဝန်ကြီးသည် တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ် အဖွဲ့အား M-Gallery ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည်ခံခဲ့ကြောင်း သိရှိရပါသည်။

************************
Press Release

(3 November 2023, Nay Pyi Taw)

U Lwin Oo, Deputy Minister, Ministry of Foreign Affairs of the Republic of the Union of Myanmar held Myanmar-China bilateral consultations with Mr. Nong Rong, Assistant Minister, Ministry of Foreign Affairs of the People’s Republic of China at 1610 hrs on 3 November 2023 at the Ministry of Foreign Affairs, Nay Pyi Taw.
At the bilateral meeting, they cordially exchanged views on matters pertaining to the further consolidation of the existing Pauk Phaw relations and implementation of mutually beneficial cooperation between the two countries, acceleration of the ongoing Myanmar-China bilateral projects under China-Myanmar Economic Corridor (CMEC) and Belt and Road Initiative (BRI), the maintenance of peace and stability along the Myanmar-China border area, the continued provision of Chinese assistance for the economic development of Myanmar, intensification of collaboration between the two countries in the ASEAN and Mekong-Lancang Cooperation Mechanism frameworks and to render mutual support in regional and multilateral arenas and matters of common interests. The Deputy Minister also apprised the latest developments of Myanmar to the Chinese Assistant Minister.
In the evening, U Lwin Oo, Deputy Minister, Ministry of Foreign Affairs hosted a dinner to the visiting Chinese delegation led by Assistant Minister, Ministry of Foreign Affairs of the People’s Republic of China at the M-Gallery Hotel.

20231201-09

20231201-09

20231201-09

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.