(၁၄-၈-၂၀၂၃ ရက်၊ နေပြည်တော်)

မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့က ကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်မှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဗဟုသုတပြန့်ပွားရေးပြပွဲတစ်ရပ်ကို အများပြည်သူများ လေ့လာနိုင်ရန်အတွက် ၁၄-၈-၂၀၂၃ ရက်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ပြသခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Dr. Zheng Zhihong တို့တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထောက်ပံ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေဖြင့် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသော ဝန်ကြီးဌာနအသီးသီး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြပွဲကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်း(၁၀)ကျောင်းမှ ကျောင်းသား ကျောင်းသူများအတွက် ဟောပြောပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဆုပေးပွဲတို့ကို ဆက်လက် ကျင်းပခဲ့ပါသည်။
အဆိုပါ ဗဟုသုတပြန့်ပွားရေးပြပွဲကို ၁၅-၈-၂၀၂၃ ရက်အထိ သင်္ဂဟဟိုတယ်၌ ဆက်လက် ပြသသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ မဲခေါင်-လန်ချန်းပူးပေါင်း‌ ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့မှ အလားတူ ဆောင်ရွက်ချက်များဆိုင်ရာ မှတ်တမ်းဓာတ်ပုံနှင့် စာရွက်စာတမ်းများကို ပြသထားမည်ဖြစ်ကြောင်း သိရှိရပါသည်။

The Exhibition on the Mekong-Lancang Cooperation for Public Awareness holds

(14 August 2023, Nay Pyi Taw)

An Exhibition on the Mekong-Lancang Cooperation for Public Awareness, organised by the Myanmar Institute of Strategic and International Studies under the auspices of the Mekong-Lancang Cooperation (MLC), was held at the Thingaha Hotel in Nay Pyi Taw on 14 August 2023. The Exhibition was inaugurated by the Deputy Minister for Foreign Affairs, H.E. U Kyaw Myo Htut and Minister Counsellor Dr. Zheng Zhihong of the Embassy of the People’s Republic of China. Also present on the occasion were the officials from the respective Ministries that implemented the projects funded by the Mekong-Lancang Cooperation (MLC) Special Fund provided by the People’s Republic of China.
The Deputy Minister for Foreign Affairs cut the ribbon to signify the opening of the exhibition and toured the Exhibition. Then, the Talk and Quiz Competition on Mekong-Lancang Cooperation for the students from the ten Basic Education High Schools in Nay Pyi Taw and an award presenting ceremony followed.
The Exhibition will continue at Thingaha Hotel until 15 August and will showcase the cooperation activities that were implemented under the MLC Special Fund in Myanmar and other MLC member countries, namely Cambodia, Laos, Thailand and Vietnam.

20230816-10

20230816-10

20230816-10

20230816-10

20230816-10

20230816-10

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.