(၆-၁၂-၂၀၂၃၊ နယူးဒေလီမြို့)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၂၀) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့သို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်မှ ၆ ရက်အထိသွားရောက်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ ဒေသစံတော်ချိန် (၁၂၀၀) နာရီတွင် နယူးဒေလီမြို့ရှိ ဟိုက်ဒြာဘတ်အစိုးရဧည့်ဂေဟာ၌ ကျင်းပ ပြုလုပ်သည့် (၂၀) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနိုင်ငံ ခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲအား အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ ဗီနေး မိုဟန် ကွာထရာနှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာကိစ္စရပ်များနှင့် နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ ကောင်စစ် ဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင် မည့်ကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို နှစ်ဖက်ချစ်ကြည်ရင်းနှီးစွာဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေး ကူမား၊ မြန်မာ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ နယူးဒေလီမြို့နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများပါဝင် တက်ရောက်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာနှင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ ဒေသစံတော်ချိန် (၁၇၀၀) နာရီတွင် ပြည်ပရေးရာဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံဂါရဝပြုခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေး၊ ပေါင်းစည်းချိတ်ဆက်မှုကဏ္ဍအပါအဝင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးကိစ္စများအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရှိရပါသည်။

********************************

H.E. U Lwin Oo, Deputy Minister of the Ministry of Foreign Affairs of the Republic of the Union of Myanmar attends the 20th round of Myanmar-India Foreign Office Consultations (FOC)

(6-12-2023, New Delhi)
A Myanmar delegation led by H.E. U Lwin Oo, Deputy Minister of the Ministry of Foreign Affairs of the Republic of the Union of Myanmar attended the 20th round of Myanmar-India Foreign Office Consultations (FOC) in New Delhi, India from 4 to 6 December 2023.
H.E. U Lwin Oo, Deputy Minister of the Ministry of Foreign Affairs and H.E. Mr. Vinay Mohan Kwatra, Foreign Secretary of the Ministry of External Affairs of India co-chaired the Foreign Office Consultations Meeting, which was held at 1200 hrs (Local Time) on 6 December 2023 at the Hyderabad House in New Delhi.
At the Foreign Office Consultations, both sides cordially discussed ‌a wide range of bilateral issues pertaining to the enhancement of bilateral relations and cooperation, boundary matters and border cooperation, security and defence cooperation, development of ongoing projects of India in Myanmar, trade and commerce cooperation, consular and cultural cooperation, capacity building in various sectors and potential areas of future cooperation between the two countries.
The FOC meeting was also attended by H.E. U Moe Kyaw Aung, Myanmar Ambassador to India, H.E. Mr. Vinay Kumar, Ambassador of India to Myanmar and responsible officials from the Ministry of Foreign Affairs of Myanmar, the Myanmar Embassy in New Delhi and the Ministry of External Affairs of India.
Later on, the Deputy Minister paid a courtesy call on H.E. Dr. S Jaishankar, External Affairs Minister of the Republic of India at 1700 hrs (Local Time) on 6 December 2023 at the Ministry of External Affairs of India. During the call, they cordially exchanged the views on matters pertaining to the promotion of long-standing friendly bilateral relations between Myanmar and India, collaboration for maintenance of peace and stability, and development of the border areas between the two countries as well as expansion of mutually beneficially cooperation including connectivity.

20240110-11

20240110-11

20240110-11

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.