(၁၃-၁၀-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများအတွက် ကုလသမဂ္ဂရုံးသုံးဘာသာစကားများဖြစ်သည့် အင်္ဂလိပ်၊ တရုတ်၊ ပြင်သစ်၊ ရုရှား၊ စပိန်ဘာသာစကားများနှင့် အခြားဘာသာစကားများဖြစ်ကြသည့် ထိုင်း၊ ကိုရီးယား၊ ဂျာမန်နှင့် ဂျပန်၊ အီတလီ စုစုပေါင်း ဘာသာစကား(၁၀)မျိုး သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ၁၃-၁၀-၂၀၂၃ ရက်၊ နံနက် (၁၀:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) ရှိ လောကနတ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ ဒုတိယ ပါမောက္ခချုပ်များ၊ သင်တန်းနည်းပြများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများတက်ရောက်ခဲ့ ကြပါသည်။
အဆိုပါဘာသာစကားသင်တန်းများကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ ၁၃-၁၀-၂၀၂၃ မှ စတင်၍ Online စနစ်ဖြင့်လည်းကောင်း၊ In-person စနစ်ဖြင့်လည်းကောင်း အသီးသီးဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ အရာထမ်း/အမှုထမ်း စုစုပေါင်း (၁၉၄) ဦး တက်ရောက်ကြမည်ဖြစ်ရာ ဘာသာစကားအသီးသီးကို ကျွမ်းကျင်တတ်မြောက်နိုင်ရန်နှင့် ထိရောက်ပိုင်နိုင်စွာ အသုံးချနိုင်ရန်အတွက် လေ့ကျင့်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

************************

Opening Ceremony of Language Courses for Staff of MOFA held

(13 October 2023, Nay Pyi Taw)
The opening ceremony of language courses for staff of the Ministry of Foreign Affairs, which jointly conducted by the Strategic Studies and Training Department and the Yangon University of Foreign Languages, was held at the Lawkanat Hall, Ministry of Foreign Affairs, Nay Pyi Taw, on 13th October 2023 at 10:00 hrs, with the opening speech delivered by U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs. Staff of the Ministry of Foreign Affairs will learn UN official languages: English, Chinese, French, Russian, Spanish languages and other languages like Thai, Korean, German, Japanese and Italian in these language courses. Moreover, Dr. Kyi Shwin, Rector, Yangon University of Foreign Languages, also conveyed the welcoming speech during the ceremony.
At the opening ceremony, Permanent Secretary of the Ministry of Foreign Affairs, Director-Generals, Rector and Pro-rectors of Yangon University of Foreign Languages, lecturers from Yangon University of Foreign Languages, responsible personnel and trainees were also present.
These language courses will be conducted by the Yangon University of Foreign Languages for the staff of the Ministry of Foreign Affairs via online system and in person respectively starting from 13th October 2023.
Altogether a total of 194 trainees from the Union Minister’s office as well as departments concerned from the Ministry of Foreign Affairs will participate. During the language courses, participants will be trained to develop skills for the proficient and effective use of the respective languages in their practical field.

20231017-22

20231017-22

20231017-22

20231017-22

20231017-22

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.