(၁၀-၁၀-၂၀၂၃ ရက်၊ အော်တာဝါမြို့)
အော်တာဝါမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ (၂၈၂)ကြိမ် မြောက်အစည်းအဝေးကို အလှည့်ကျဥက္ကဌဖြစ်သူ မလေးရှားသံအမတ်ကြီး H.E. Anizan Siti Hajjar Adnin က ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ ၁၀၃၀ နာရီတွင် ၎င်း၏ နေအိမ်၌ကျင်းပပြုလုပ်ခဲ့ရာ ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဉီးဟောက်ခန့်ဆုမ်း သည် အခြားအာဆီယံသံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံကော်မတီ(အော်တာဝါ) ၏ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်သည့် လှုပ်ရှားမှုဆိုင်ရာကိစ္စရပ်များ၊ အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေးကို မဟာဗျူဟာမြောက်မိတ်ဖက်အဆင့်သို့ တိုးမြှင့်ရေးဆိုင်ရာ ပူးတွဲကြေညာချက် အပါအဝင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ (၆-၉-၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အာဆီယံ-ကနေဒါထိပ်သီးအစည်းအဝေး၏ ရလဒ်များ၊ အာဆီယံ-ကနေဒါ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးမူဘောင်အောက်မှ အာဆီယံနှင့်ကနေဒါအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို အာဆီယံကော်မတီ(အော်တာဝါ) နှင့် ကနေဒါနိုင်ငံ အခြေစိုက် Canada-ASEAN Initiatives တို့က ပူးတွဲကျင်းပပြုလုပ်မည့်ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါသည်။ ဆက်လက်၍ အာဆီယံသံအမတ်ကြီးများသည် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဌာန၏အကြီးအကဲ Mr. Sebastian Carriere နှင့် အရှေ့တောင်အာရှနှင့် အိုရှင်းနီးယားဌာန၏ ညွှန်ကြားရေးမှူးချုပ် Mr. Alan Bowman တို့နှင့်အတူ အလုပ်သဘော နေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပခဲ့ကြကြောင်း သိရှိရပါသည်။

20231017-18

20231017-18

20231017-18

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.