(၂၇-၉-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၇-၉-၂၀၂၃ ရက်၊ (၁၃:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၉) ရှိ အမြဲတမ်းအတွင်းဝန်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံစဉ် လျှပ်စစ်၊ စွမ်းအင်၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

**********************

Permanent Secretary for Foreign Affairs receives the delegation headed by the President of the Russia-Myanmar Association of Friendship and Cooperation

(27 September 2023, Nay Pyi Taw)
U Chan Aye, Permanent Secretary of the Ministry of Foreign Affairs received the delegation headed by Mr. Anatoly Bulochnikov, President of the Russia-Myanmar Association of Friendship and Cooperation at the Permanent Secretary’s Office at Office No. (9) in Nay Pyi Taw on 27 September 2023 at 13:00 hrs.
During the meeting, both sides cordially exchanged views on cooperation in the electric power, energy, agriculture and tourism sectors.
Also present at the meeting were senior officials from the Ministry of Foreign Affairs and representatives from the Russia-Myanmar Association of Friendship and Cooperation.

20231017-03

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.