(၂၁-၉-၂၀၂၃ ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံး၏ အာရှဒေသဆိုင်ရာ ညွှန်ကြား ရေးမှူး မစ္စတာ ဆန်ဂျေးမာသာအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ ၁၃၀၀ နာရီချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုများရုံးတို့ အကြား လက်ရှိပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူး Ms. Sara Austin Netzer တို့ တက်ရောက်ခဲ့ကြပါသည်။

*****************************


Deputy Prime Minister and the Union Minister for Foreign Affairs receives Regional Director of the United Nations Office for Project Services (UNOPS) Asia Region

(21 September 2023, Nay Pyi Taw)
H.E. U Than Swe, Deputy Prime Minister and the Union Minister for Foreign Affairs received Mr. Sanjay Mathur, Regional Director of the United Nations Office for Project Services (UNOPS) Asia Region based in Bangkok, at 1300 hrs on 21 September 2023 at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they discussed ways and means pertaining to existing and further cooperation between the Government of Myanmar and the UNOPS.
Also present at the meeting were senior officials of the Ministry of Foreign Affairs and Ms. Sara Austin Netzer, Country Director ad-interim of the UNOPS Myanmar in Yangon.

20231017-01

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.