(၂၀-၉-၂၀၂၃ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာသံရုံး ယာယီတာဝန်ခံ ဒေါက်တာ ရာရှစ် အက်ဘ်ဒူလာ အမ် အေ အယ်လ်-ကူဝါရီ အား ၂၀-၉-၂၀၂၃ ရက်၊ (၁၀:၃၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ကာတာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေး စသည့် ကဏ္ဍများတွင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များကို ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ဖော်ဆောင်ရေး၊ ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အထူးသဖြင့် အာဆီယံ-အာရပ် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီနှင့် ကုလသမဂ္ဂမူဘောင်တို့အောက်မှ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Deputy Prime Minister and Union Minister for Foreign Affairs receives the Chargé d'affairés of Qatar

(20 September 2023, Nay Pyi Taw)
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received Dr. Rashid Abdulla M.A. Al-Kuwari, Chargé d'affairés of Qatar, at the Ministry of Foreign Affairs in Nay Pyi Taw on 20 September 2023 at 10:30 hrs.
During the call, they cordially exchanged views on matters pertaining to promoting the existing friendly relations and bilateral cooperation, including the areas of trade, investment, and cultural exchanges, accelerating ongoing negotiations of bilateral agreements, repatriating of the verified displaced persons from Rakhine State, and enhancing collaboration in the regional and international arenas, particularly under the frameworks of ASEAN-Gulf Cooperation Council (ASEAN-GCC) and the United Nations.

20230921-41

20230921-41

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.