(၂၀-၉-၂၀၂၃ ရက်၊ ရန်ကုန်)
မြန်မာနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် ယူနန်တက္ကသိုလ်၊ မြန်မာ့ရေးရာလေ့လာရေးဌာန တို့၏ ပူးပေါင်းစီစဉ်မှုသည့် “ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်နှင့် မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်း ထွန်းကားရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားဆွေးနွေးပွဲကို ၂၀-၉-၂၀၂၃ ရက်တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပခဲ့ပါသည်။
စာတမ်းဖတ်ကြားဆွေးနွေးပွဲတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် မြန်မာနှင့် တရုတ် နှစ်နိုင်ငံမှ ပညာရှင်များနှင့် သုတေသီ (၁၈) ဦး တို့က ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဘက်ပေါင်းစုံမှ သုတေသနပြု ရေးသားထားသည့် စာတမ်းများကို ဖတ်ကြားတင်ပြခဲ့ကြပါသည်။
စာတမ်းဖတ်ကြားဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့မှ ပါမောက္ခများ၊ ပါရဂူဘွဲ့ကြိုတန်းနှင့် မဟာတန်း တက်ရောက်နေသည့် ကျောင်းသူများ၊ ယူနန်တက္ကသိုလ်၊ မြန်မာ့ရေးရာလေ့လာရေးဌာနမှ တာဝန်ရှိသူများ၊ ပီကင်းတက္ကသိုလ်၊ ရှာမန်တက္ကသိုလ် တို့မှ ပါမောက္ခများ၊ ပညာရှင်များနှင့် သုတေသီများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Myanmar Institute of Strategic and International Studies (MISIS) and Yunnan University jointly organize a Seminar

(20 September 2023, Yangon)
A Seminar on the theme of “China-Myanmar Cooperation on promoting the Belt and Road Initiative and Community with a Shared Future”, jointly organized by the Myanmar Institute of Strategic and International Studies (MISIS) and the Institute of Myanmar Studies, Yunnan University, was held at Lotte Hotel in Yangon on 20 September 2023.
On that occasion, H.E. U Ko Ko Hlaing, Union Minister for Union Government Office (2) delivered an Opening Remarks. Then, the eighteen Scholars and Research Fellows from Myanmar and China presented the papers which they researched on various sectors of the Belt and Road Initiative.
Members of the MISIS, officials from the Ministry of Foreign Affairs, professors and post-graduate students from the University of Yangon and the Yangon University of Foreign Languages, officials from the Institute of Myanmar Studies, Yunnan University, professors and research fellows from Peking University and Xiamen University were present.

20230921-35

20230921-35

20230921-35

20230921-35

20230921-35

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.