(၄-၉-၂၀၂၃ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေး ကူးမား အား ၄-၉-၂၀၂၃ ရက်၊ (၁၀၃၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုတိုးမြှင့်ရေး၊ ပညာရေးနှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍများတွင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို ပိုမိုနီးကပ်စွာဆက်လက်အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက် နှစ်ဖက်ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအပါအဝင် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံကောင်စစ်ဆိုင်ရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ အာဆီယံနှင့် ကုလသမဂ္ဂ အပါအဝင် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Deputy Prime Minister and Union Minister U Than Swe receives the Indian Ambassador

(4 September 2023, Nay Pyi Taw)
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs received H.E. Mr. Vinay Kumar, Ambassador Extraordinary and Plenipotentiary of the Republic of India to the Republic of the Union of Myanmar, at the Ministry of Foreign Affairs in Nay Pyi Taw on 4 September 2023 at 1030 hrs.
During the call, they cordially exchanged views on matters pertaining to the further enhancement of the existing friendly bilateral relations, mutually beneficial cooperation in areas including the education and IT sectors, accelerating the implementation of Myanmar-India bilateral projects on the basics of mutual benefit, promotion of trade including the border trade and commerce, coordination for the consular related matters as well as closer collaboration both in the regional and international fora, including ASEAN and United Nations.

20230921-14

20230921-14

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.