(၂-၉-၂၀၂၃ ရက်၊ စနေနေ့)
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင် သည့် ရန်ကုန်မြို့အခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂-၉-၂၀၂၃ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့မှ တပ်မတော်ရဟတ်ယာဉ် များဖြင့် ထွက်ခွာကြပြီး မောင်တောမြို့နယ် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိကြရာ စခန်းတာဝန်ခံနှင့် တာဝန်ရှိသူများမှ စခန်းအတွင်း ပြန်လည် လက်ခံနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြန်လည်လက်ခံရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က လိုအပ်သည်များ ဖြည့်စွက် မှာကြားကာ စခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြန်လည်ဝင်ရောက်လာမည့် နေရပ် စွန့်ခွာသူများအား ပြန်လည်နေရာချထားမည့် ကြိမ်ချောင်း (တောင်) ကျေးရွာသို့ ဆက်လက် ထွက်ခွာခဲ့ကြပြီး ကြိမ်ချောင်း(တောင်) ကျေးရွာရှိ နေရပ်စွန့်ခွာသူများအတွက် စီမံ ဆောင်ရွက် ထားသည့် အသင့်ဆောက်လုပ်ပြီး နေအိမ်များနှင့် မြေကွက်များကို လေ့လာကြည့်ရှုကြသည်။
ယင်းနောက် ဆက်လက်ထွက်ခွာကြရာ လှဖိုးခေါင် ယာယီနေရာချထားရေးစခန်းသို့ ရောက်ရှိကြပြီး ပြန်လည်ဝင်ရောက်လာမည့်သူများအား လှဖိုးခေါင် ယာယီနေရာချထားရေး စခန်းတွင် ခေတ္တနေထိုင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ပြောကြား ခဲ့ပြီး စခန်းအတွင်း ပြန်လည်လက်ခံရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို လိုက်လံကြည့်ရှုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညနေပိုင်းတွင် စစ်တွေလေဆိပ်မှ ပြန်လည် ထွက်ခွာခဲ့ကြသည်။

20230921-09

20230921-09

20230921-09

20230921-09

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.