ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် ရန်ကုန်မြို့အခြေစိုက်သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၁-၉-၂၀၂၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ စစ်တွေမြို့ သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိကြသည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ခရီးစဉ်တွင် လိုက်ပါလာသည့် သံတမန်လေ့လာရေးအဖွဲ့မှ ကိုယ်စား လှယ်များကို ပြည်နယ်အစိုးရ အဖွဲ့ ဧည့်ဂေဟာ၌တွေ့ဆုံ၍ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် ဆိုင်ကလုန်းမိုခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများကို စိစစ်ပြန်လည် လက်ခံရေးအတွက် ဆောင်ရွက်ထားရှိသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။
ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုသံတမန် ခရီးစဉ်သည် ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းမိုခါ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကို မြေပြင်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် မြန်မာအစိုးရ၏ လက်တွေ့ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေမှန်များကို မျက်မြင်တွေ့ရှိလေ့လာနိုင်ရန်အတွက် စီစဉ်ခြင်း ဖြစ်ပါကြောင်း၊ ဆိုင်ကလုန်းမိုခါ ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ရာ၌ မည်သူမျှ ချန်လှပ်မှုမရှိစေရေးနှင့် မူလအခြေအနေထက် သာလွန်ကောင်းမွန်သည့် အခြေအနေ ဆောင်ရွက်ပေးရေး မူဝါဒတို့ကို ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ရခိုင် ပြည်နယ်မှ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးတွင်လည်း စိစစ်ပြီးနေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို အလေးထားရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက အစိုးရ၏ ဆိုင်ကလုန်းမိုခါ ကြိုတင် ကာကွယ်ရေး၊ တုံ့ပြန်ရေး၊ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပြည်တွင်း/ပြည်ပမှ ကူညီပံ့ပိုးမှုများ၊ ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ရှေ့ပြေးစမ်းသပ် စီမံကိန်းဖြင့် ပြန်လည်လက်ခံရေးနှင့် ပြန် လည်နေရာချထားရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို အသီးသီး ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ခရီးစဉ်တွင် လိုက်ပါလာကြသည့် သံတမန်များက ပြန်လည်ဆွေးနွေးရာတွင် မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို သိရှိရသည့်အပြင် ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် နေရာချထားရေး အစီအမံများကို မြန်မာနိုင်ငံမှ နိုင်ငံရေးဆန္ဒရှိစွာဖြင့် ဆောင်ရွက်ပေးနေမှုများကိုလည်း ကြားသိရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်းနှင့် ဆိုင်ကလုန်းမိုခါ တုန့်ပြန်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရတာဝန်ရှိသူများနှင့်အတူ ရှင်မာကုကသီဒြယ် ဘုရားရှိခိုးကျောင်း၊ ဦးရဲကျော်သူဘုန်းကြီးကျောင်း၊ စစ်တွေဆေးရုံကြီး၊ စစ်တွေတက္ကသိုလ် နှင့် စစ်တွေဆိပ်ကမ်းတို့တွင် မိုခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိ မှုများကို လှည့်လည်လေ့လာကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဦးဥတ္တမပန်းခြံ၌ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော် သားများနှင့် တာဝန်ရှိသူများက စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအခြေအနေများကို ကြည့်ရှုခဲ့ကြပီး စစ်တွေမြို့ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းသို့ သွားရောက်၍ လူမှုပေါင်းစည်းရေး ဆိုင်ရာ(ဆင့်ပွား)သင်တန်းနှင့် စက်ချုပ်သင်တန်းတို့တွင် အတူတကွတက်ရောက် သင်ကြား လျက် ရှိသည့် ဒေသခံတိုင်းရင်းသားများနှင့် IDP စခန်းများမှ တက်ရောက်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် သဲချောင်း၊ ဒါးပိုင်ကျေးရွာများနှင့် သက္ကယ်ပြင် IDP စခန်းများသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ပြီး သက္ကေပြင် IDP စခန်း၌ စခန်းတွင်နေထိုင်သူများ၊ စခန်းတာဝန်ခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားပြီး သက္ကယ်ပြင်တိုက်နယ် ဆေးရုံတွင် ကျန်းမာရေးစောင့် ရှောက်ပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်များသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

20230921-01

20230921-01

20230921-01

20230921-01

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.