(၃၀-၈-၂၀၂၃ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား ၃၀-၈-၂၀၂၃ ရက်၊ (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက် အပြန်အလှန် အကျိုးရှိစေမှုအပေါ် မူတည်၍ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်သွားရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး၊ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည့် ကိစ္စများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရှိရပါသည်။

Deputy Prime Minister and Union Minister for Foreign Affairs receives the Chinese Ambassador to Myanmar

(30 August 2023, Nay Pyi Taw)
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received Mr. Chen Hai, Ambassador of the People’s Republic of China to Myanmar at the Ministry of Foreign Affairs in Nay Pyi Taw on 30 August 2023 at 1000 hrs.
During the meeting, they cordially discussed the matters pertaining to the further consolidation of the existing Pauk Phaw relations, accelerating the implementation of Myanmar-China bilateral projects on the basis of mutual benefit, the maintenance of peace and stability along the border areas between Myanmar and China, implementation of repatriation of verified displaced persons from Rakhine State and China’s continuous constructive support towards Myanmar's development endeavor as well as further enhancement of mutually beneficial cooperation both at regional and international arena particularly ASEAN and United Nations.

20230901-13

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.