Articles

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အာဆီယံကော်မတီ(အော်တာဝါ)၏ (၂၈၄)ကြိမ်မြောက်အစည်းအဝေးနှင့် အလုပ်သဘောနေ့လယ်စာစားပွဲ လက်ခံကျင်းပ

(၇-၂-၂၀၂၄ ရက်၊ အော်တာဝါမြို့)

အော်တာဝါမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ (၂၈၄)ကြိမ်မြောက်အစည်းအဝေးကို အာဆီယံကော်မတီ၏အလှည့်ကျဥက္ကဌဖြစ်သူ မြန်မာသံအမတ်ကြီး ဉီးဟောက်ခန့်ဆုမ်းက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်၊ ၁၀၃၀ နာရီတွင် Royal Ottawa Golf Club ရှိ Founders ခန်းမ၌ လက်ခံကျင်းပခဲ့ရာ အစည်းအဝေးသို့ အာဆီယံသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကော်မတီလုပ်ငန်းအဖွဲ့၏အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ကော်မတီ၏အလှည့်ကျဥက္ကဌဖြစ်သူ မြန်မာသံအမတ်ကြီးက အစည်းအဝေးသဘာပတိ အဖြစ်ဆောင်ရွက်ပြီး၊ အစည်းအဝေးတွင် မြန်မာသံရုံးက (၂၅-၁-၂၀၂၄)ရက်နေ့၌ လက်ခံကျင်းပသည့် ကော်မတီလုပ်ငန်းအဖွဲ့အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များ၊ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနမှအဆင့်မြင့်အရာရှိကြီးများအပြင် အာဆီယံ၏ဆွေးနွေးဖက်နိုင်ငံများမှသံအမတ်ကြီး များနှင့် အလုပ်သဘောနေ့လယ်စာစားပွဲများ ကျင်းပပြုလုပ်ရေးကိစ္စအပါအဝင် မြန်မာသံရုံး၏ အလှည့်ကျဥက္ကဋ္ဌသက်တမ်းကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ၊ အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ များ၊ လက်ခံသည့်နိုင်ငံ၌ အာဆီယံ၏
အကျိုးစီးပွားနှင့် အာဆီယံ၏ပုံရိပ်တို့ကို ပိုမိုတိုးမြှင့်နိုင်မည့် နည်းလမ်းများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်ကနေဒါနိုင်ငံတို့အကြား အပြန်အလှန်လည်ပတ် ရန်ရှိသည့် အဆင့်မြင့်ကိုယ်စားလှယ်များ၏ခရီးစဉ်များ စသည့်ကိစ္စရပ်များအပေါ် ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်းနှင့် အစည်းအဝေးအပြီးတွင် အာဆီယံကော်မတီ(အော်တာဝါ)၏ အလုပ်သဘောနေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

20240408-01

20240408-01

20240408-01

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.