Articles

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ သံအမတ်ကြီးများ စုပေါင်းဖိတ်ကြားသည့် Breakfast Meeting သို့ တက်ရောက်ခဲ့

(၅-၁-၂၀၂၄ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ သံအမတ်ကြီးများက ၅-၁-၂၀၂၄ ရက်တွင် စုပေါင်းဖိတ်ကြားသည့် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ပြုလုပ်သော Breakfast Meeting သို့ တက်ရောက်ခဲ့သည်။
အစည်းအဝေး၌ ဒုတိယဝန်ကြီးနှင့် သံအမတ်ကြီးများသည် ဘင်းမ်စတက်ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များ၊ ယခုအစည်းအဝေးသို့ တက်ရောက်လာသည့်သံအမတ်ကြီးများ၏ သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် အခြားအကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Deputy Minister for Foreign Affairs U Lwin Oo attends the Breakfast Meeting jointly hosted by the Ambassadors of Bangladesh, India, Nepal, Sri Lanka and Thailand
(5-1-2024, Nay Pyi Taw)
The Deputy Minister for Foreign Affairs U Lwin Oo attended the Breakfast Meeting jointly hosted by the Ambassadors of Bangladesh, India, Nepal, Sri Lanka and Thailand at the Park Royal Hotel in Nay Pyi Taw in the morning of 5th January 2024.
During the meeting, the Deputy Minister and the Ambassadors cordially discussed and exchanged views on the BIMSTEC cooperation mechanisms, political, economic and social developments taking place in their respective countries, and other matters of common interests

20240115-14

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.