Articles

နိုင်ငံခြားရေးဝန်ကြီးဌာန၏ သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၃ ခုနှစ်) ထုတ်ဝေခြင်း အခမ်းအနားကျင်းပ

(၂၂-၁၂-၂၀၂၃ ရက်၊ ရန်ကုန်)
နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်သော သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၃ ခုနှစ်) ထုတ်ဝေခြင်းအခမ်းအနားကို ၂၂-၁၂-၂၀၂၃ ရက်၊ ၁၀:၀၀ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ စာမူရှင်များ၊ သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၃ ခုနှစ်) ထုတ်ဝေရေးကော်မတီဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကြော်ငြာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က ‌ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်မဂ္ဂဇင်းများကို ၁၉၉၇ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး ယခုထုတ်ဝေသော သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၃ ခုနှစ်) သည် (၂၆)ကြိမ်မြောက် ထုတ်ဝေသောစာအုပ်ဖြစ်ပြီး၊ နှစ်ပတ်လည်မဂ္ဂဇင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းများနှင့် ဝါရင့်သံတမန်ကြီးများ၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအပြင် ပြင်ပစာမူရှင်များက သံတမန် ရေးရာ၊ နိုင်ငံတကာရေးရာများနှင့် အတွေ့အကြုံဗဟုသုတများကို မြန်မာဘာသာနှင့် အင်္ဂလိပ် ဘာသာတို့ဖြင့် သုတ၊ ရသ စုံလင်စွာ ရေးသားဖော်ပြထားရှိကြောင်း သိရှိရပါသည်။

**********************************

MOFA launches the Annual Thar Kaung Taman Magazine (2023)

(22-12-2023, Yangon)
The launching ceremony of Thar Kaung Taman Annual Magazine (2023) of the Ministry of Foreign Affairs was held at 10:00 am at the Ministry in Yangon this morning. Deputy Minister for Foreign Affairs U Kyaw Myo Htut, authors, members of the Magazine Publication Committee, officials, advertisers and invitees attended the ceremony and a luncheon was hosted by Deputy Minister for Foreign Affairs.
The Ministry of Foreign Affairs has published Thar Kaung Taman Magazine annually since 1997 and Thar Kaung Taman Magazine (2023) is the 26th edition. The Magazine covers the enriched experience and practices in diplomacy and international relations engaged by senior diplomats, retired diplomats and officials from the Ministry as well as external authors written in Myanmar and English languages.

20240115-01

20240115-01

20240115-01

20240115-01

20240115-01

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.