Articles

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

(၁၀-၁၂-၂၀၂၃ ရက်၊ နေပြည်တော်)
တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ၇-၁၂-၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့သော (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့သည်။ အဆိုပါမြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။

***************************

Myanmar delegation led by Deputy Prime Minister and Union Minister for Foreign Affairs arrives back to Myanmar

(10-12-2023, Nay Pyi Taw)
Myanmar delegation led by Deputy Prime Minister and Union Minister for Foreign Affairs U Than Swe arrived back Myanmar in the evening of 10 December 2023, after attending the 8th Mekong-Lancang Cooperation Foreign Ministers’ Meeting which was held on 7 December 2023 in Beijing, China. The delegation was welcomed at the Yangon International Airport by Mr. Chen Hai, Ambassador of the People’s Republic of China to Myanmar and officials from the Ministry of Foreign Affairs.

20240112-16

20240112-16

20240112-16

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.