Articles

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ အား လက်ခံတွေ့ဆုံ

(၂၂-၈-၂၀၂၃ ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးသန်းဆွေ သည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Dragan Aleksoski အား ၂၂-၈-၂၀၂၃ ရက်၊ (၁၀၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကဏ္ဍတွင် IOM မှ မြန်မာပြည်သူများအတွက် အကူအညီပေးအပ်မှုများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် IOM ဘက်မှ စီမံကိန်းမန်နေဂျာ Mr. Euan McDougall တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Deputy Prime Minister and Union Minister for Foreign Affairs receives the Chief of Mission of International Organization for Migration Myanmar

(22 August 2023, Nay Pyi Taw)
H.E. U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs, received Mr. Dragan Aleksoski, Chief of Mission of the International Organization for Migration (IOM) Myanmar, at the Ministry of Foreign Affairs, Nay Pyi Taw at 1000 hours on 22 August 2023.
During the courtesy call, they shared their views on the matters pertaining to the support of the IOM to the people of Myanmar in the field of migration and the cooperation between the two sides.
Also present at the meeting were the senior officials from the Ministry of Foreign Affairs, and Mr. Euan McDougall, Program Manager of IOM Myanmar.

20230901-05

20230901-05

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.