Articles

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ ဦးဆောင်သည့် ကိ

(၁၅-၈-၂၀၂၃ ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေး ဆိုင်ရာညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Martin Griffiths ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ၁၅-၈-၂၀၂၃ ရက် (အင်္ဂါနေ့)၊ ၁၀:၀၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ပူးပေါင်းဆောင်ရွက် နေမှုနှင့် လိုအပ်နေသည့် ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေး တို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

****************

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs receives the delegation led by Mr. Martin Griffiths, Under-Secretary-General for Humanitarian Affairs and Emergency Relief Coordinator-the United Nations Office for the Coordination of Humanitarian Affairs (UNOCHA)

(15 August 2023, Nay Pyi Taw)
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs received the delegation led by Mr. Martin Griffiths, Under-Secretary-General for Humanitarian Affairs and Emergency Relief Coordinator- the United Nations Office for the Coordination of Humanitarian Affairs (UNOCHA) at the Ministry of Foreign Affairs in Nay Pyi Taw at 10:00 hrs on 15 August 2023.
During the meeting, they exchanged views on the current cooperation between Myanmar and the United Nations and facilitation for provision of humanitarian assistance to the needy population.

20230901-01

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.