Articles

(၅၆)နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားသို့ ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်

(၉-၈-၂၀၂၃ ရက်၊ အော်တာဝါမြို့)

အာဆီယံကော်မတီ၊ အော်တာဝါမြို့ (ASEAN Committee in Ottawa) က ကြီးမှူး၍ (၅၆)နှစ်မြောက်အာဆီယံနေ့ (ASEAN Day) အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ၈-၈-၂၀၂၃ ရက်နေ့၊ ၁၈၀၀ နာရီတွင် အော်တာဝါမြို့ရှိ အင်ဒိုနီးရှားသံရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ သံအမတ်ကြီး ဉီးဟောက်ခန့်ဆုမ်းနှင့်ဇနီးတို့သည် မြန်မာသံရုံးဝန်ထမ်းများနှင့်အတူ ပါဝင်တက် ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အာဆီယံသီချင်း (ASEAN Anthem) ကို ဦးစွာ ဖွင့်လှစ် ပြီးနောက် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn ၏ ဂုဏ်ပြုနှုတ်ခွန်းဆက် မိန့်ခွန်းကို ဗွီဒီယိုဖြင့် ပြသခဲ့ပါသည်။ ထို့နောက် အာဆီယံကော်မတီ၏အလှည့်ကျဥက္ကဌဖြစ်သူ မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Anizan Siti Hajjar Adnin နှင့် ကနေဒါနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အထူးဧည့်သည်တော်အဖြစ်တက်ရောက်သည့် တွဲဖက်ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Cindy Termorshuizen တို့က မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြပါသည်။
အာဆီယံနေ့အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားသို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ အာရှနွယ်ဖွားလွှတ်တော်အမတ်များ၊ အာဆီယံ၏ဆွေးနွေးဖက်နိုင်ငံ များ၊ ကဏ္ဍအလိုက်ဆွေးနွေးဖက်နိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်နိုင်ငံများမှ သံအမတ် ကြီးများနှင့် သံတမန်များ တက်ရောက်ခဲ့ကြကြောင်းနှင့် အခမ်းအနားတွင် အာဆီယံနိုင်ငံသံရုံး များက ၎င်းတို့၏ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြရာ မြန်မာသံရုံးက မြန်မာ့ရိုးရာ မုန့်ဟင်းခါးနှင့်မုန့်လုံးရေပေါ်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

20230816-06

20230816-06

20230816-06

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.