Articles

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် အား လက်ခံတွေ့ဆုံ

(၂၈-၇-၂၀၂၃ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းအား ၂၈-၇-၂၀၂၃ ရက်၊ (၁၃၄၀) နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက် အပြန်အလှန် အကျိုးရှိစေမှုအပေါ် မူတည်၍ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး လျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းကို စတင်အကောင်အထည်ဖော်နိုင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရှိရပါသည်။

Union Minister for International Cooperation receives the Special Envoy of Asian Affairs of the Ministry of Foreign Affairs of China

(28 July 2023, Nay Pyi Taw)

U Ko Ko Hlaing, Union Minister for International Cooperation of the Republic of the Union of Myanmar, received Mr. Deng Xijun, Special Envoy of Asian Affairs of the Ministry of Foreign Affairs of the People’s Republic of China at the Ministry of International Cooperation, Nay Pyi Taw on 28 July 2023 at 1340 hrs.
At the meeting, they cordially exchanged views on matters pertaining to the further consolidation of the existing Pauk Phaw friendship, accelerating the implementation of Myanmar-China bilateral projects on the basis of mutual benefit, closer coordination for the smooth flow of border trade, promotion of trade and commerce between Myanmar and China, implementation of repatriation of verified displaced persons from Rakhine State as well as regional and international matters of mutual interest.

20230816-01

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.