(၂၆-၁၁-၂၀၂၄ ရက်၊ ဗန်ကောက်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ နိုဝင်ဘာလ ၂၅ရက်နေ့မှ ၂၇ရက်နေ့အထိ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနတို့က ပူးတွဲကျင်းပသော အာဆီယံ-ကိုရီးယားနေ့ အခမ်းအနားကို ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် တီမော လက်စ်တေနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို “Towards Enhanced ASEAN-ROK Partnership in Creative Economy” ခေါင်းစဉ်အောက်တွင် အစီအစဉ် (၄) ခု အဖြစ် အာဆီယံ-ကိုရီးယား ဆန်းသစ်သော စီးပွားရေးမိတ်ဖက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၊ ဆန်းသစ်သော ကဏ္ဍဆိုင်ရာ စကားဝိုင်း၊ အာဆီယံ-ကိုရီးယား ဆန်းသစ်မှုပြပွဲနှင့် ဖျော်ဖြေပွဲ တို့ဖြင့်ကျင်းပခဲ့ပြီး အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များမှတစ်ဆင့် အာဆီယံ ဒေသတွင်းကိုအကျိုးပြုသော ဆန်းသစ်သည့်စီးပွားရေးကို မြှင့်တင်နိုင်ရန်နှင့် ယင်းသို့ မြှင့်တင်ခြင်း မှတစ်ဆင့်အာဆီယံဒေသတွင်း၌ ရရှိလာမည့် အခွင့်အလမ်းများအပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
**********************************
Permanent Secretary of the Ministry of Foreign Affairs attends the ASEAN- ROK Day
(26-11-2024,Bangkok
Myanmar delegation led by Permanent Secretary of the Ministry of Foreign Affairs of the Republic of the Union of Myanmar participated in the ASEAN- ROK Day under the theme of “Towards Enhanced ASEAN-ROK Partnership in Creative Economy” co-hosted by Ministries of Foreign Affairs of Thailand and the Republic of Korea in Bangkok, Thailand from 25th November to 27th November, 2024.
To the event, representatives from ASEAN Member States, the ROK, Timor- Leste, ASEAN Secretariat and invited related agencies also participated. The event was held in four sessions (i) a Seminar on ASEAN-ROK Partnership in Creative Economy (ii) Talks on Creative Sectors (iii) an ASEAN- ROK Creative Showcase and (iv) a Concert by the R.O.K Navy Symphonic Band. During the seminar, the participants exchanged views and experiences on promoting cooperation in creative economy between ASEAN and ROK and discussed the opportunities for ASEAN Region by promoting the creative economy through the concerted collaboration.
</p