(၂၈-၆-၂၀၂၄ ရက်၊ ပေကျင်း)

နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ Great Hall of the People ၌ ဇွန်လ ၂၈ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀၀၀ နာရီတွင် ကျင်းပသော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က လွန်ခဲ့သည့် နှစ်ပေါင်း (၇၀) အတွင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်၏ အရေးကြီးသည့် အနှစ်သာရနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသည့် ပြောင်းလဲမှုများအကြား လူသားများအတွက် အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်ရန် လမ်းကြောင်း၏ ညွှန်ပြမှုတို့ကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနား ၁၁၀၀ နာရီတွင် ပြီးမြောက်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ (ငြိမ်း) နှင့်အတူ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြပြီး နိုင်ငံအကြီးအကဲဟောင်းနှင့် အစိုးရအဖွဲ့အကြီးအကဲဟောင်း (၂၀) အပါအဝင် နိုင်ငံပေါင်း (၁၀၀) ကျော်မှ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ သံတမန်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် မီဒီယာနှင့် စီးပွားရေးအသိုက်အဝန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် ၁၁၃၀ နာရီတွင် ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာရှိ Liuhe ခန်းမတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ (Mr. Wang Yi) က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါနေ့လယ်စာစားပွဲတွင် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရို အတွင်းရေးမှူးဟောင်း Nong Due Manh၊ ဘရာဇီးလ်နိုင်ငံ သမ္မတဟောင်း Dilma Rousseff၊ အီသီယိုးပီးယားနိုင်ငံ သမ္မတဟောင်း Mulatu Teshome Wirtu နှင့် ပြင်သစ်နိုင်ငံဝန်ကြီးချုပ်ဟောင်း Dominique Marle Francois Galouzeau de Villepin တို့လည်း တက်ရောက်ကြပြီး နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်က နိုင်ငံများအကြား ဆက်ဆံရာတွင် သာတူညီမျှနှင့် လေးစားမှုအတွက် စံချိန်စံညွှန်းများဖြင့် ကျင့်သုံးနိုင်အောင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို စတင်အကောင်အထည်ဖော်ခဲ့မှု၊ ယင်းမူကြီး (၅) ရပ်အား လိုက်နာကျင့်သုံးကြသည့် နိုင်ငံများအကြား ပြဿနာရပ်များကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေတွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ယင်းမူကြီးများ၏ အရေးကြီးမှုတို့ကို မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် St.Regis ဟိုတယ်၌ တရုတ်ပြည်သူ့နိုင်ငံခြားရေးရာအဖွဲ့အစည်း (Chinese People’s Institute of Foreign Affairs – CPIFA) ၏ ဥက္ကဋ္ဌ မစ္စတာ ဝမ်ချောင်မှ တည်းခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

****************************************

Former President U Thein Sein attends the 70th Anniversary of the Five Principle of Peaceful Coexistence held in Beijing

(28-6-2024, Beijing)

U Thein Sein, former president of the Republic of the Union of Myanmar and Myanmar Delegation attended the opening ceremony of the 70th Anniversary of the Five Principles of Peaceful Coexistence held at 1000 hrs on 28 June 2024 at Great Hall of the People in Beijing, China. H.E. Mr Xi Jinping, President of the People's Republic of China delivered a speech at the opening ceremony and highlighted the core principles and the essence of peaceful coexistence and key changes, an indication to establish a community with peace and tranquility and a shared future for mankind during the previous 70 years.
Also present at the opening ceremony were 20 former Heads of State and Heads of Government and representatives from 100 countries, international organizations, diplomats, Media and Business communities. The Former President was accompanied by U Thant Kyaw, Chairman of the Myanmar Institute of Strategic and International Studies (MISIS), U Tin Oo, Chairman of the Myanmar- China Friendship Association, Daw Than Than Nu, Chairperson of the U Nu- Daw Mya Yi Foundation and other officials.
The Former President U Thein Sein attended a luncheon hosted by H.E. Mr. Wang Yi, Member of the Political Bureau of the CPC Central Committee, Director of the Office of the Central Commission for Foreign Affairs, and Minister of Foreign Affairs of the People’s Republic of China at 1130 hrs at Liuhe -Diao Yutai and gave remark on the vital essence of the Five Principles of Peaceful Coexistence for world peace, peaceful settlement of international disputes, mutual respects, equality and tranquility among countries in adhering the Five Principles of Peaceful Coexistence. Mr. Nong Due Manh, the former Secretary of the Communist Party of Vietnam (CPV) Central Committee, Ms. Dilma Rousseff, the former President of Federative Republic of Brazil, Mr. Mulatu Teshome Wirtu, the former President of Federal Democratic Republic of Ethiopia, Mr. Dominique Marle Francois Galouzeau de Villepin, the former Prime Minister of French Republic were also attended the luncheon.
In the evening, the former President U Thein Sein attended the dinner hosted by Mr. Wang Chao, Chairman of Chinese People’s Institute of Foreign Affairs at St.Regis Hotel.

20230706-26

20230706-26

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.