(၂၃-၁၁-၂၀၂၃ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား ၂၃-၁၁-၂၀၂၃ ရက်၊ (၁၀၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာရေးနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်သွားရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နှစ်ဖက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြောင်း သိရှိရပါသည်။

Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, receives the Chinese Ambassador to Myanmar

(23-11-2023, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received Mr. Chen Hai, Ambassador of the People’s Republic of China to Myanmar, at 1030 hrs on 23 November 2023 at the Ministry of Foreign Affairs, Nay Pyi Taw.
During the meeting, they cordially exchanged views on matters pertaining to the further advancement of bilateral relations, continued implementation of mutually beneficial bilateral projects on the basis of the existing “Pauk-Phaw” friendship and cooperation for peace and stability and rule of law along the border areas between Myanmar and China.

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.