(၂၁-၇-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တို့မှ အရာထမ်းများအတွက် အင်္ဂလိပ်စာမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃)နှင့် အမှုထမ်းများအတွက် အင်္ဂလိပ်စာကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၁-၇-၂၀၂၃ ရက်၊ (၁၀:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်၍ သင်တန်းဆင်းပွဲ အမှာစကား ပြောကြားခဲ့ပါသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ Naypyitaw State Academy (NSA) မှ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ၃၀-၅-၂၀၂၃ ရက်မှ ၂၁-၇-၂၀၂၃ ရက်အထိ၊ အပတ်စဉ် အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် (၁၅:၃၀) နာရီမှ (၁၇:၃၀) နာရီအထိ ရက်သတ္တ(၈)ပတ်ကြာ တစ်ပြိုင်တည်း သီးခြားစီ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
သင်တန်းများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၅၇) ဦး တက်ရောက်ခဲ့ကြပြီး၊ အရာထမ်းများအတွက် သင်တန်းတွင် အခြေခံအင်္ဂလိပ်စာ 4 Skills ဖြစ်သည့် Reading၊ Writing၊ Listening ၊ Speaking Skills များမွမ်းမံလေ့ကျင့်ပေးခြင်း၊ ရုံးစာရေးသားမှုများ ဖြစ်သည့် Note Verbale ရေးသားနည်းများ၊ Speech ရေးသားနည်းများ၊ သဝဏ်လွှာ ရေးသားနည်းများ၊ Conference Meeting များ ပြင်ဆင်ဆောင်ရွက်ခြင်း စသည်တို့အား လေ့ကျင့်သင်ကြားပေးခြင်းများနှင့် Intercultural Communication ဆိုင်ရာများ သင်ကြားပို့ချပေးခြင်း၊ Group Presentation များဖြင့် လက်တွေ့လေ့ကျင့်ပေးခြင်း စသည်တို့ကို သင်ကြားပို့ချခဲ့ပြီး၊ အမှုထမ်းများအတွက် သင်တန်းတွင် အခြေခံအင်္ဂလိပ်စာ 4 Skills စွမ်းရည်များ မြှင့်တင်ပေးခြင်းနှင့် Grammar များ မှန်ကန်စွာ အသုံးပြုတတ်စေခြင်း၊ Communication Skills နှင့် Presentation Skills များ မြှင့်တင်ပေးခြင်း၊ ကိုယ်ရေးရာဇဝင်အကျဉ်း ဖြည့်စွက်ရေးသားခြင်း၊ Email ရေးသားခြင်း၊ Visa Form ဖြည့်စွက်ခြင်း၊ ဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ Intercultural Communication ဆိုင်ရာများ စသည်တို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။
Closing Ceremony of English Refresher Course for Officials and English Proficiency Course for Staff holds
(21 July 2023, Nay Pyi Taw)
U Than Swe, Union Minister for Foreign Affairs, delivered the closing speech at English Refresher Course for Officials (1/2023) and English Proficiency Course for Staff (1/2023), which was held at the Law Ka Nat Hall, Ministry of Foreign Affairs, Nay Pyi Taw, on 21 July 2023 at 10:00 a.m.
At the closing ceremony, U Ko Ko Hlaing, Union Minister for Ministry of International Cooperation, U Kyaw Myo Htut, Deputy Minister for Foreign Affairs, Directors-General, Deputy Directors-General, Officials from the Ministry of Foreign Affairs, Lecturers from Naypyitaw State Academy and trainees were also presented.
These training courses lasted, respectively for the officials and the staff, for eight weeks, from 30 May to 21 July 2023, from 15:30 p.m. to 17:30 p.m. on Tuesday, Wednesday and Thursday.
In the English Refresher Course for Officials, it was conducted to polish Basic English 4 Skills, Note Verbal Writing, Speech Writing, and Congratulatory Message Writing, Preparing a Conference meeting, Intercultural Communication Training, Presentation Skills and Public Speaking Skills by the Lecturers from Naypyitaw State Academy (NSA).
In the English Proficiency Course for Staff, it was conducted to promote Basic English 4 Skills, Grammar Pattern, Communication and Presentation Skills, Organizing Curriculum Vitae, Emailing, Visa Application, Communication at the bank and Intercultural Communication Training by the lecturers from Naypyitaw State Academy (NSA).
Altogether, 57 trainees from the Ministry of Foreign Affairs and the Ministry of International Cooperation attended. During the courses, the lecturers from Naypyitaw State Academy (NSA) conducted lectures on writing and communication skills, and the trainees would be able to apply effectively in their practical field with knowledge and experience which they gained from these courses.