ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ (၁၂၃၀) နာရီတွင် မလေးရှားသံအမတ်ကြီး၏နေ၌ ကျင်းပပြုလုပ်သည့် အာဆီယံ ကော်မတီ၊ အော်တာဝါမြို့ (ASEAN Committee in Ottawa) ၏ သံရုံးအကြီးအကဲများနှင့် အာဆီယံဆိုင်ရာကနေဒါအဆင့်မြင့်အရာရှိကြီး (Canada’s Senior Official to ASEAN) ဖြစ်သူ လက်ထောက်ဒုတိယနိုင်ငံခြားရေးဝန်ကြီး (Assistant Deputy Minister) Mr. Weldon Epp တို့၏ အလုပ်သဘောနေ့လယ်စာစားပွဲသို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အလုပ်သဘောနေ့လယ်စာစားပွဲတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည့် အာဆီယံ-ကနေဒါအဆင့်မြင့်အရာရှိကြီးများ၏ (၂၀)ကြိမ်မြောက်အစည်းအဝေးနှင့် အင်ဒိုနီးရှား နိုင်ငံ၊ ဂျကာတာမြို့၌ လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပပြုလုပ်မည့် အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (ASEAN Post Ministerial Conference (PMC) 10+1 Session with Canada) ဆိုင်ရာကိစ္စရပ်များအပြင် အာဆီယံ-ကနေဒါဆွေးနွေးဖက်ဆက်ဆံရေး ကို မဟာဗျူဟာမြောက်မိတ်ဖက်အဆင့်သို့ တိုးမြှင့်မည့် ပူးတွဲကြေညာချက် ဆိုင်ရာကိစ္စရပ်များ အပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။
အဆိုပါအလုပ်သဘောနေ့လယ်စာစားပွဲမကျင်းပမီ အာဆီယံကော်မတီ၊ အော်တာဝါမြို့ သံရုံးအကြီးအကဲများ၏ (၂၈၁)ကြိမ်မြောက်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး တွင် အာဆီယံနေ့အခမ်းအနားကျင်းပပြုလုပ်မည့်ကိစ္စအပါအဝင် မလေးရှားသံရုံးမှ အာဆီယံ ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် အလုပ်သဘောနေ့လယ်စာစားပွဲတွင် ဆွေးနွေးမည့်ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြကြောင်းနှင့် အော်တာဝါမြို့ရှိ အာဆီယံသံရုံးအကြီးအကဲများနှင့် အာဆီယံ ဆိုင်ရာကနေဒါအဆင့်မြင့်အရာရှိကြီးတို့၏ အလုပ်သဘောနေ့လယ်စာစားပွဲကို ယခုနှစ်အတွင်း (၃)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

20230726-18

20230726-18

20230726-18

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.