(၃၁-၅-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် ရန်ကုန်မြို့ရှိ ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဒေါက်တာ ရာရှစ် အက်ဘ်ဒူလာ အမ်. အေ. အယ်လ်-ကူဝေရီ အား ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံစဉ် အမြဲတမ်းအတွင်းဝန်က “မိုခါ” ဆိုင်ကလုန်းဒဏ်ကြောင့် ပျက်စီးမှုများအတွက် အစိုးရမှ အကူအညီပေးနေမှု၊ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်နေမှုများနှင့် တိုးတက်မှု အခြေအနေများ၊ အာဆီယံတူညီဆန္ဒ (၅) ချက်ကို မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်နေမှု အပါအဝင် မြန်မာ-ကာတာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
Permanent Secretary for Foreign Affairs receives Qatar Charge d’ Affaires
(31 May 2023, Nay Pyi Taw)
U Chan Aye, Permanent Secretary of the Ministry of Foreign Affairs of Myanmar received Dr. Rashid Abdulla M. A. Al-Kuwari, Charge d’ Affaires and Minister Plenipotentiary of the Embassy of the State of Qatar on 31 May 2023 at the Ministry of Foreign Affairs, Nay Pyi Taw.
During the call, the Permanent Secretary shared information on matters pertaining to provisions of assistance by the Government of Myanmar and cooperation with international organizations including UN and ASEAN to deliver assistance to victims of Cyclone Mocha, the progress of engaging with Bangladesh to implement the repatriation of displaced persons from Rakhine State and the government of Myanmar’s implementation of ASEAN five-point consensus as well as promotion of bilateral relations between Myanmar and Qatar.

20230606-65

20230606-65

20230606-65

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.