(၂၃-၅-၂၀၂၃ ရက်၊ ရန်ကုန်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်တို့၏ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၂၃-၅-၂၀၂၃ ရက်နေ့၊ (၁၃:၃၀)နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ ဝန်ကြီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေး အခြေအနေများ၊ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) သဘာဝဘေးဒဏ်နှင့် ပတ်သက်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်ပနိုင်ငံများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေတို့အား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဘာသာရပ်ပိုင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီး ပညာရှင်များ ရှုထောင့်မှ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှုပြုခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Union Minister for Foreign Affairs meets and discusses with the members of the Senior Advisory Board and the Executive Board of the Myanmar Institute of Strategic and International Studies (MISIS)
(23 May 2023, Yangon)
H.E. U Than Swe, Union Minister for Foreign Affairs delivered the Speech at the Meeting with the members of the Senior Advisory Board and the Executive Board of the Myanmar Institute of Strategic and International Studies (MISIS), which was held at the MISIS Meeting Room in Yangon on 23 May 2023 at 13:30 hrs.
In his opening remarks, the Union Minister explained on the implementation of the Ministry of the Foreign Affairs in accordance with the Road Map and the objectives defined by the State Administrative Council and, discussed on the current international affairs. He also shared the information on cooperation with the regional organizations and international communities on natural disaster relief for the people of Cyclone Mocha-affected areas.
Then, the Board of Members of the MISIS reported to the Union Minister on the current activities undertaken by the Institute and briefed on academic related matters from the scholar’s perspectives. Based upon their discussions, the Union Minister provided necessary guidance for the future activities of the Institute.
Present at the meeting were the members of the Senior Advisory Board and the Executive Board of MISIS and, Directors-General and officials of the Ministry of Foreign Affairs.