(၁၉-၅-၂၀၂၃ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ် ခြင်းခံရသော ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး မစ္စတာ ကျုံမ် အန်းဗွီကြတ် အား ၁၉-၅-၂၀၂၃ ရက်၊ (၁၃၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကမ္ဘောဒီးယားနိုင်ငံသံအမတ် ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ သာသနာရေးနှင့် ယဉ်‌ကျေးမှုဆိုင်ရာ ကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအကြား အပြန် အလှန် အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်စုံပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားရေးနှင့် ဒေသ တွင်းနှင့် နိုင်ငံတကာမျက်နှာစာ တို့တွင် ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Union Minister for Foreign Affairs receives Ambassador Extraordinary and Plenipotentiary of Cambodia to Myanmar
(19 May 2023, Nay Pyi Taw)
U Than Swe, Union Minister for Foreign Affairs of the Republic of the Union of Myanmar, received Mr. CHUM Angvichet, Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia to the Republic of the Union of Myanmar at 1300 hrs on 19 May 2023 at the Ministry of Foreign Affairs in Nay Pyi Taw.
During the courtesy call, the Union Minister congratulated the Ambassador on his appointment as Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia to the Republic of the Union of Myanmar. They candidly exchanged views on matters pertaining to the further advancement of the existing friendly bilateral ties, and intensification of mutually beneficial cooperation across areas of common interest including trade, tourism, education, religious and cultural affairs as well as closer collaboration in regional and multilateral arenas.

20230606-39

20230606-39

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.