နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား လက်ခံတွေ့ဆုံ

(၂၂-၃-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်၊ ၁၀:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က မြန်မာနိုင်ငံ၌ ICRC မှ ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ICRC အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာ နိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် သက်ဆိုင်ရာဝန်ကြီး ဌာနများအလိုက် ညှိနှိုင်းဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
U Than Swe, Union Minister for Foreign Affairs receives Ms. Elena Ajmone Sessera, Resident Representative of the International Committee of the Red Cross
(22-3-2023, Nay Pyi Taw)
U Than Swe, Union Minister for Foreign Affairs received Ms. Elena Ajmone Sessera, Resident Representative of the International Committee of the Red Cross (ICRC), at 10:30 hrs on 22 March 2023, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, the Resident Representative of the ICRC updated the ICRC’s activities in Myanmar. Subsequently, the Union Minister explained about the facilitation by the respective Ministries for the provision of humanitarian assistance by international organizations, including ICRC, in Myanmar.

20230407-04

20230407-04

20230407-04

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.