အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Sarah Lou Ysmael Arriola အား ၂၇-၆-၂၀၂၃ ရက်၊ (၁၁၀၀) နာရီ၌ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် IOM ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးတို့သည် မြန်မာနိုင်ငံရှိ ရွှေ့ပြောင်းသွားလာခြင်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် IOM နှင့် ဆက်လက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ ပါသည်။
အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ IOM ဘက်မှ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Dragan Aleksoski နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ရွှေ့ပြောင်းသွားလာမှု မူဝါဒထောက်ပံ့ရေးအရာရှိ Mr. Chaoqian Xiong တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
************************
Union Minister for International Cooperation receives IOM Regional Director for Asia and the Pacific (27 June 2023, Nay Pyi Taw)
H.E. U Ko Ko Hlaing, Union Minister for International Cooperation, received Ms. Sarah Lou Ysmael Arriola, IOM Regional Director for Asia and Pacific, at the Ministry of International Cooperation in Nay Pyi Taw on 27 June 2023 at 1100 hrs.
During the courtesy call, they shared their views on the matters pertaining to the cooperation between Myanmar and IOM in the field of migration and the continued work of IOM in Myanmar.
Also present at the meeting were the senior officials of the Ministry of International Cooperation, Mr. Dragan Aleksoski, IOM Chief of Mission for Myanmar and Mr. Chaoqian Xiong, Regional Migration Policy Support Officer.