နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား ၈-၆-၂၀၂၃ ရက်၊ (၁၃၃၀) နာရီတွင် နေပြည်တော်ရှိ MGallery ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ ၈-၆-၂၀၂၃ ရက်တွင် ကျရောက်သည့် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် (၇၃) နှစ်မြောက် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်နှင့် စာလွှာများ အောင်မြင်စွာ လက်မှတ်ရေးထိုး နိုင်ခဲ့သည့်ကိစ္စ၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လျင်မြန်ချောမွေ့စေရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး မြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်များအောက်မှ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Union Minister for Foreign Affairs receives the Chinese Ambassador to Myanmar (8 June 2023, Nay Pyi Taw)

U Than Swe, Union Minister for Foreign Affairs of the Republic of the Union of Myanmar, received Mr. Chen Hai, Ambassador Extraordinary and Plenipotentiary of the People’s Republic of China to Myanmar, on 8 June 2023 at 1330 hrs at the MGallery Hotel, Nay Pyi Taw.
During the meeting, they cordially discussed the matters pertaining to the further consolidation of the existing Pauk Phaw relations and expansion of cooperation between Myanmar and China, successful signing of Agreements of Cooperation Projects between Myanmar and China in commemorating the 73rd Anniversary of Myanmar-China diplomatic relations on 8 June 2023, continued implementation of Myanmar-China bilateral projects, smooth flow of border trade, maintenance of peace and stability along the border areas between Myanmar and China as well as closer collaboration under regional and multilateral frameworks.

20230706-05

 

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.