(၁၁-၅-၂၀၂၃ ရက်၊ အော်တာဝါမြို့)
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးဟောက်ခန့်ဆုမ်းသည် ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်၊ (၁၂၃၀) နာရီတွင် အင်ဒိုနီးရှားသံအမတ်ကြီး၏နေအိမ်၌ ကျင်းပပြုလုပ်သည့် အာဆီယံ ကော်မတီ၊ အော်တာဝါမြို့ (ASEAN Committee in Ottawa) သံရုံးအကြီးအကဲများနှင့် အာဆီယံဆိုင်ရာ ကနေဒါအဆင့်မြင့်အရာရှိကြီး (Canada’s Senior Official to ASEAN) ဖြစ်သူ လက်ထောက်ဒုတိယနိုင်ငံခြားရေးဝန်ကြီး (Assistant Deputy Minister) Mr. Weldon Epp တို့၏ ဒုတိယအကြိမ်အလုပ်သဘောနေ့လယ်စာစားပွဲသို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အလုပ်သဘောနေ့လယ်စာစားပွဲတွင် စွမ်းအင်ဖူလုံရေး၊ လယ်ယာစိုက်ပျိုးရေး၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ ပင်လယ်ပြင်၌ တရားမဝင်ငါးဖမ်းမှုတိုက်ဖျက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများ၌ အာဆီယံဉီးဆောင်သည့် ယန္တရားများမှတစ်ဆင့် အာဆီယံ-ကနေဒါ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးကိစ္စ၊ ကနေဒါ က အာဆီယံသို့ပေးအပ်သည့် ၎င်း၏ SEED (Scholarships and Educational Exchanges for Development) ပညာသင်ဆုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဉီးစားပေးနယ်ပယ်အလိုက် တိုးမြှင့်ပေးအပ်ရေးကိစ္စ၊ လာမည့်စက်တင်ဘာလ၌ အာဆီယံ-ကနေဒါထိပ်သီးအစည်းအဝေး ကျင်းပပြုလုပ်ရေးကိစ္စ၊ အာဆီယံ-ကနေဒါဆွေးနွေးဖက်ဆက်ဆံရေးကို မဟာဗျူဟာအဆင့်သို့ တိုးမြှင့်ရေးကိစ္စနှင့် အာဆီယံနှင့်ကနေဒါအကြား ကုန်သွယ်မှုတိုးမြှင့်ရေးကိစ္စရပ်များအပေါ်တွင် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအလုပ်သဘောနေ့လယ်စာစားပွဲမကျင်းပမီ အာဆီယံကော်မတီ၊ အော်တာဝါမြို့ သံရုံးအကြီးအကဲများ၏ (၂၇၉)ကြိမ်မြောက်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး တွင် အာဆီယံ-ကနေဒါဆွေးနွေးဖက်ဆက်ဆံရေးကို မဟာဗျူဟာအဆင့်သို့ တိုးမြှင့်ရေးနှင့် လာမည့်စက်တင်ဘာလ၌ အာဆီယံ-ကနေဒါထိပ်သီးအစည်းအဝေး ကျင်းပပြုလုပ်ရေးဆိုင်ရာ ကနေဒါ၏သဘောထားအမြင်စာတမ်းများ ၊ အာဆီယံ-ကနေဒါအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် အာဆီယံ-ကနေဒါနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတို့ ကျင်းပပြုလုပ် မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

20230301-15

20230301-15

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.