(၃၁-၅-၂၀၂၃ ရက်၊ ကွာလာလမ်ပူ)
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Hilton Hotel တွင် ၂၉-၅-၂၀၂၃ ရက်မှ ၃၀-၅-၂၀၂၃ ရက်အထိ ကျင်းပခဲ့သည့် (၂၀)ကြိမ်မြောက် အာဆီယံ-ကနေဒါ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ အာဆီယံဆိုင်ရာ မြန်မာအဆင့်မြင့်အရာရှိကြီး ကိုယ်စား မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးစိုးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးဖြစ်သည့် မလေးရှားနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် Dato’ Sri Amran Mohame d Zin နှင့် အာဆီယံဆိုင်ရာ ကနေဒါအဆင့်မြင့်အရာရှိကြီး (Canada’s Senior Official to ASEAN) ဖြစ်သူ လက်ထောက်ဒုတိယနိုင်ငံခြားရေးဝန်ကြီး (Assistant Deputy Minister) Mr. Weldon Epp တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများနှင့် ကနေဒါနိုင်ငံ တို့မှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများ၊ အာဆီယံ-ကနေဒါ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) အောက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် နယ်ပယ်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ကနေဒါနိုင်ငံ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာ ချဉ်းကပ်မှု သဘောတရား စာတမ်း၊ အာဆီယံ-ကနေဒါ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပူးတွဲထုတ်ပြန်ချက် မူကြမ်းရေးဆွဲနေမှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
ထို့အပြင် နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စွမ်းအင်နှင့် အစားအစာ ဖူလုံရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကျန်းမာရေးဖူလုံရေး၊ ပင်လယ်ပြင်၌ တရားမဝင် ငါးဖမ်းမှု တိုက်ဖျက်ရေး၊ ခရီးသွားလာရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံရေး၊ ရာသီဥတုပြောင်းလဲလာခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများ၌ အာဆီယံ ဦးဆောင်သည့် ယန္တရားများမှတစ်ဆင့် အာဆီယံ-ကနေဒါ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးကိစ္စ၊ ကနေဒါက အာဆီယံသို့ ပေးအပ်သည့် ၎င်း၏ SEED (Scholarships and Educational Exchanges for Development) ပညာသင်ဆုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဉီးစားပေးနယ်ပယ်အလိုက် တိုးမြှင့်ပေးအပ်ရေးကိစ္စ၊ လာမည့် စက်တင်ဘာလ၌ အာဆီယံ-ကနေဒါ ထိပ်သီးအစည်းအဝေး ကျင်းပရေးကိစ္စ၊ အာဆီယံ-ကနေဒါ ဆွေးနွေးဖက် ဆက်ဆံရေးကို မဟာဗျူဟာအဆင့်သို့ တိုးမြှင့်ရေးကိစ္စနှင့် အာဆီယံနှင့်ကနေဒါ အကြား ကုန်သွယ်မှုတိုးမြှင့်ရေးကိစ္စရပ်များအပေါ်တွင် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) အောက်မှ “Science၊ Technology and Innovation” ကဏ္ဍတွင် မြန်မာကိုယ်စားလှယ်မှ ဦးဆောင်ဆွေးနွေးခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ Science, Technology and Innovation (STI) အမျိုးသားအဆင့်မူဝါဒ၊ နည်းဗျူဟာနှင့် လမ်းပြမြေပုံများကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးသည့် နိုင်ငံများမှ ပညာရှင်များ၏ အကူအညီနှင့် နည်းပညာတို့ကို ရယူကာ သုတေသနပညာရှင်များ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ STI လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာသင်တန်းများသို့ သင်တန်းသားများ စေလွှတ်တက်ရောက်စေပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Myanmar Delegation attends the 20th ASEAN-Canada Dialogue
(31 May 2023, Kuala Lumpur)
Myanmar delegation led by Chargé ď Affaires/Minister Mr. Soe Ko Ko, the Embassy of the Republic of the Union of Myanmar, Kuala Lumpur attended the 20th ASEAN-Canada Dialogue, which was held on 29-30 May 2023 in Kuala Lumpur.
The 20th ASEAN-Canada Dialogue was co-chaired by H.E. Dato’ Sri Amran Mohamed Zin, Secretary General, Ministry of Foreign Affairs of Malaysia as the country coordinator of ASEAN-Canada Dialogue Relations and TYT Weldon Epp, Assistant Deputy Minister for Asia Pacific Canada, and attended by Senior Officials from ASEAN Member States, representatives from the ASEAN Secretariat and respective officials from Canada and ASEAN Member States.
The Meeting exchanged views on matters pertaining to recent developments in the region, the progress of the Plan of Action to implement the Joint Declaration on the ASEAN-Canada Enhanced Partnership (2021-2025), the Concept Paper on implementing the ASEAN-Canada Strategic Partnership and the AOIP, and the Joint Statement on ASEAN-Canada Strategic Partnership.
The meeting also discussed the strengthening of the ASEAN-Canada Dialogue Relations through ASEAN-led mechanisms regarding transnational crime, maritime cooperation, energy and food security, disaster management and health security, Illegal, Unreported and Unregulated (IUU) fishing, tourism and people-to-people exchange, environment, sustainable development and climate change. The meeting also discussed reviewing Canada’s SEED Scholarships program, the establishment of the ASEAN-Canada Strategic Cooperation and promotion of trade and investments between ASEAN and Canada.
At the meeting, the representative of Myanmar led the discussion on Science, Technology and Innovation (STI) and informed the meeting that the Ministry of Science and Technology of Myanmar is conducting to develop national STI policy, strategies and roadmaps. He also deliberated that research capabilities and capacity building of researchers can be enhanced with the assistance of research experts from developed countries and the Department of Research and Innovation provided opportunities for researchers and professional staff to attend local and international training for the successful implementation of STI.

20230606-69

20230606-69

20230606-69

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.