(၁၇-၅-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရုံး (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Stephen Anderson အား ၁၇-၅-၂၀၂၃ ရက်၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံစဉ် WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်က မြန်မာ နိုင်ငံဆိုင်ရာ မဟာဗျူဟာအစီအစဉ် (၂၀၂၃) နှင့် စပ်လျဉ်းသည့် နားလည်မှုစာလွှာ လက်မှတ်ရေးထိုးပြီးစီးမှု အခြေအနေနှင့် WFP မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် WFP တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ သဘာဝ ဘေးအန္တရာယ်ကျရောက်စဉ် ကာလအတွင်း လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးနှင့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အစိုးရနှင့် နီးကပ်စွာ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေး တို့နှင့် ပတ်သက်၍ ပြ
Union Minister for Foreign Affairs receives Country Director and Resident Representative of World Food Programme (WFP) in Myanmar
(17 May 2023, Nay Pyi Taw)
U Than Swe, Union Minister for Foreign Affairs received Mr. Stephen Anderson, Country Director and Resident Representative of World Food Programme (WFP) in Myanmar, at 10:00 hrs on 17 May 2023, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, the WFP’s Country Director and Resident Representative briefed the Union Minister on the updates of the signing of the new Letter of Understanding (LoU) regarding the Country Strategic Program (2023) as well as the WFP operations in Myanmar.
The Union Minister discussed the cooperation between Myanmar and WFP and matters related to providing necessary humanitarian assistance in the context of disaster, and urged to closely cooperate with the Myanmar government in rehabilitation measures for those affected by the cyclonic Mocha.

20230606-28

20230606-28

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.