(၂၅-၅-၂၀၂၅ ရက်၊ ကွာလာလမ်ပူ)
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၅-၅-၂၀၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အရှေ့တောင်အာရှနျူကလီးယားကင်းစင်ရေးဇုန်ကော်မရှင် အစည်းအဝေး၊ (၂၉) ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီ အစည်း အဝေး၊ (၃၆) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးနှင့် အာဆီယံ-ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီအစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အဆိုပါအစည်းအဝေးများသို့ အာဆီယံနှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံနှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီတို့မှ အတွင်းရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပြီး၊ တီမောလက်စ် တေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက လေ့လာသူနိုင်ငံအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးများတွင် (၄၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများနှင့် သက်ဆိုင်သည့် အုပ်ချုပ်မှုနှင့် ဘာသာရပ်ဆိုင်ရာကြိုတင်ပြင်ဆင် မှုများ၊ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း လမ်းပြမြေပုံ (၂၀၂၅) အား အကောင်အထည်ဖော်ဆောင်ရွက် နေမှုများ၊ တီမောလက်စ်တေနိုင်ငံ အာဆီယံအဖွဲ့သို့ ဝင်ရောက်ရေး၊ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (၂၀၄၅) နှင့် ဆက်စပ်ရေးဆွဲလျက်ရှိသည့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးမဟာဗျူဟာ စီမံချက် အတည်ပြုရေး၊ အာဆီယံနှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းမူဘောင်(၂၀၂၄-၂၀၂၈) အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ် များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်းသိရှိရပါသည်။
*************
Permanent Secretary of the Ministry of Affairs attends the ASEAN Foreign Ministers’ Meeting and Related Meetings
(25-5-2025, Kuala Lumpur)
Myanmar Delegation led by Permanent Secretary of the Ministry of Foreign Affairs of the Republic of the Union of Myanmar attended the ASEAN Foreign Ministers’ Meeting (AMM), 29th ASEAN Political-Security Community (APSC) Council Meeting, 36th ASEAN Coordinating Council (ACC) Meeting and ASEAN-GCC Ministerial Meeting separately held in Kuala Lumpur, Malaysia on 25 May 2025.
Foreign Ministers from ASEAN Member States and the Gulf Cooperation Council (GCC), ASEAN Senior Officials, Secretaries-General of ASEAN and GCC attended the said Meetings, and the Minister for Foreign Affairs of Timor-Leste also participated as an observer.
The Meetings discussed and reviewed the progress of implementation of the ASEAN Political-Security Community (APSC) Blueprint-2025, and Timor-Leste’s Membership to ASEAN, and overall progress in the implementation of the ASEAN Political and Security Community Blueprint 2025, and the submission of the ASEAN Political and Security Strategic Plans which has been crafted in conjunction with the ASEAN Community Vision 2045, implementation of the ASEAN-GCC Framework of Cooperation (2024-2028) as well as exchanged views on regional and international issues.