Articles

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် ကို လက်ခံတွေ့ဆုံ

(၂၉-၄-၂၀၂၅ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် အား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်၊ (၁၄၀၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံစဉ် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်မှု၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များနှင့် ဆေးအဖွဲ့များ စေလွှတ်ပေးမှုများအတွက် အိန္ဒိယနိုင်ငံအပေါ် ကျေးဇူးတင်ရှိကြောင်း ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်နိုင်မည့် နည်းလမ်းများနှင့် ငလျင်ဒဏ်ခံစားရသူများအား ကယ်တင်ရေးနှင့် ကယ်ဆယ်ရေး ဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ ကြကြောင်း သိရှိရပါသည်။

*********************

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received H.E. Mr. Abhay Thakur, Ambassador Extraordinary and Plenipotentiary of the Republic of India to the Republic of the Union of Myanmar

(29-4-2025, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received H.E. Mr. Abhay Thakur, Ambassador Extraordinary and Plenipotentiary of the Republic of India to the Republic of the Union of Myanmar, at 1400 hrs on 29 April 2025 at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, the Deputy Prime Minister and Union Minister for Foreign Affairs of Myanmar expressed his appreciation to India for providing humanitarian assistance and for sending search and rescue teams as well as medical teams to Myanmar in the aftermath of the devastating earthquake. Both sides discussed ways to enhance bilateral relations and cooperation in the ongoing rescue and relief efforts for the victims of the earthquake and in other areas of mutual interest.

 

20250509-21

20250509-21

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.