(၇-၃-၂၀၂၅ ရက်၊ ရန်ကုန်)
နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည် သားကောင်းတမန်မဂ္ဂဇင်း(၂၀၂၄ ခုနှစ်) ထုတ်ဝေ ခြင်း အခမ်းအနားကို ၇-၃-၂၀၂၅ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ရန်ကုန်မြို့၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နှစ်ပတ်လည် အထိမ်းအမှတ် သားကောင်းတမန် မဂ္ဂဇင်း (၂၀၂၄ ခုနှစ်) ထုတ်ဝေရေးကော်မတီဝင်များ၊ စာမူရှင်များ၊ ကြော်ငြာရှင်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ဂုဏ်ပြု နေ့လယ်စာ ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်မဂ္ဂဇင်းများကို ၁၉၉၇ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ ခြင်းဖြစ်ပြီး ယခုထုတ်ဝေသော သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၄ ခုနှစ်)သည် (၂၇) ကြိမ် မြောက် ထုတ်ဝေသောစာအုပ်ဖြစ်ကြောင်းနှင့် အဆိုပါမဂ္ဂဇင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုမှတ်တမ်းများနှင့် ဝါရင့်သံတမန်ကြီးများ၊ လက်ရှိတာဝန် ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအပြင် ပြင်ပစာမူရှင်များက သံတမန်ရေးရာ၊ နိုင်ငံတကာရေးရာများနှင့် အတွေ့အကြုံဗဟုသုတများကို မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ တို့ ဖြင့် သုတ၊ ရသ စုံလင်စွာ ရေးသားဖော်ပြထားရှိကြောင်း သိရှိရပါသည်။
********************************
MOFA launches the Annual Thar Kaung Taman Magazine (2024)
(7-3-2025, Yangon)
The launching ceremony of Thar Kaung Taman Annual Magazine (2024) of the Ministry of Foreign Affairs was held at 11:00 am at the Ministry in Yangon this morning. Deputy Minister for Foreign Affairs U Ko Ko Kyaw, officials, authors, members of the Magazine Publication Committee, advertisers, and invitees attended the ceremony and a luncheon was hosted by Deputy Minister for Foreign Affairs.
The Ministry of Foreign Affairs has published Thar Kaung Taman Annual Magazine since 1997 and this Thar Kaung Taman Magazine (2024) is the 27th edition of the Ministry of Foreign Affairs. The Annual Magazine covers the enriched experience and practices in diplomacy and international relations engaged by senior diplomats, retired diplomats and officials from the Ministry as well as external authors in Myanmar and English languages.