(၁၀-၃-၂-၂၅ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းအား ၁၀-၃-၂၀၂၅ ရက်၊ (၁၀၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေး ရှေ့ရှုကာ နှစ်ဖက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက် မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးကို အလေးထားဆွေးနွေးခဲ့သည်။ နှစ်ဖက်တွေ့ဆုံ ရာတွင် မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန် အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ မြန်မာနိုင်ငံ အတွင်း ရေရှည်တည်တံ့ခိုင်မာသည့် ငြိမ်းချမ်းရေးနှင့် ပြည်သူများ၏ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း အားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များ၊ နယ်စပ်ဒေသတွင် တိုးမြင့်လာလျက်ရှိသည့် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှု ကွန်ရက်များ ပူးပေါင်းတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရှိရပါသည်။
************************************
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received Mr. Deng Xijun, the Special Envoy for Asian Affairs of the Ministry of Foreign Affairs of the People’s Republic of China
(10-3-2025, Nay Pyi Taw)
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received Mr. Deng Xijun, the Special Envoy for Asian Affairs of the Ministry of Foreign Affairs of the People’s Republic of China, on 10 March 2025 at 1000 hrs at the Ministry of Foreign Affairs, Nay Pyi Taw.
During the meeting, both sides engaged in discussions aimed at further strengthening the existing Pauk Phaw relations between Myanmar and China. They emphasized the importance of accelerating mutually beneficial cooperation across various sectors including the maintenance of peace and stability along the Myanmar-China border, the latest developments on peace and national reconciliation process of Myanmar, the continued support of the Chinese Government for the sustainable Peace and socio-economic development of the people of Myanmar. The two sides exchanged view on enhancing collaboration between the relevant agencies of the two countries in addressing the growing challenges of online gambling and telecommunication fraud networks in the border areas, reaffirmed their mutual support in regional and multilateral forums, and underscored the importance of cooperation on matters of shared interest.