(၁၁-၃-၂၀၂၅ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander James Matheou အား ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်၊ ၁၆၃၀ နာရီတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် IFRC က မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ၏ လုပ်ငန်းများ ပိုမို အားကောင်းလာစေရေး ကူညီပံ့ပိုးမှုအခြေအနေများနှင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီ ပိုမိုပေးအပ်နိုင်မည့်နည်းလမ်းများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ MRCS ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်၊ IFRC ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Nadia Khoury နှင့် IFRC နှင့် MRCS တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်းသိရှိရပါသည်။
***************************
U Lwin Oo, Deputy Minister for Foreign Affairs receives Mr. Alexander James Matheou, Regional Director of International Federation of Red Cross and Red Crescent
Societies (IFRC) for Asia Pacific
(11 March 2025, Nay Pyi Taw)
U Lwin Oo, Deputy Minister for Foreign Affairs received Mr. Alexander James Matheou, Regional Director of International Federation of Red Cross and Red Crescent Societies (IFRC) for Asia Pacific, at 1630 hrs on 11 March 2025, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters relating to IFRC’s support for strengthening the activities of Myanmar Red Cross Society (MRCS) and ways to promote the provision of humanitarian assistance to Myanmar.
Also present at the meeting were senior officials of the Ministry of Foreign Affairs, Dr. Myo Nyunt, Chairman of MRCS, Ms. Nadia Khoury, IFRC Head of Delegation in Myanmar, and officials from IFRC and MRCS.