(၃-၃-၂၀၂၅ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ (UN Women) ရုံး၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Christine Arab အား ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်၊ ၁၀:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ UN Women က ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အမြင်ချင်း ဖလှယ်ခဲ့ပြီး၊ မြန်မာနိုင်ငံနှင့် UN Women တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမို မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
****************
U Ko Ko Kyaw, Deputy Minister for Foreign Affairs received Ms. Christine Arab, Regional Director of UN Women Asia and Pacific Office in Bangkok
(3-3-2025, Nay Pyi Taw)
U Ko Ko Kyaw, Deputy Minister for Foreign Affairs received Ms. Christine Arab, Regional Director of UN Women Asia and Pacific Office in Bangkok at 1030 hrs on 3 March 2025 at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they cordially exchanged views on matters related to the future programme of UN Women in Myanmar and explored ways to enhance cooperation between Myanmar and UN Women.