(၁၉-၂-၂၀၂၅ ရက်၊ အော်တာဝါမြို့)
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးဟောက်ခန့်ဆုမ်းသည် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျဥက္ကဌဖြစ်သူ ထိုင်း သံအမတ်ကြီး Mr. Kallayana Vipattipumiprates ဉီးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ (၁၀၃၀) နာရီတွင် အော်တာဝါမြို့ရှိ Royal Ottawa Golf Club ၌ ကျင်းပပြုလုပ်သည့် အာဆီယံကော်မတီ(အော်တာဝါ) သံရုံးအကြီးအကဲများ၏ (၂၈၉)ကြိမ်မြောက်အစည်းအဝေးနှင့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျဥက္ကဌဖြစ်သူ ထိုင်း သံအမတ်ကြီး Mr. Kallayana Vipattipumiprates က သဘာပတိအဖြစ်ဆောင်ရွက်ပြီး၊ အာဆီယံသံရုံးအကြီးအကဲများက အထက်လွှတ်တော်အမတ်များ၊ အောက်လွှတ်တော်အမတ် များနှင့် အော်တာဝါမြို့ရှိ အာဆီယံ၏ဆွေးနွေးဖက်နိုင်ငံများမှ သံအမတ်ကြီးများနှင့် အလုပ်သဘော နေ့လယ်စာစားပွဲများ ကျင်းပမည့်ကိစ္စအပါအဝင် ထိုင်းသံရုံးက အာဆီယံ ကော်မတီ (အော်တာဝါ)၏ အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြ ပါသည်။ အစည်းအဝေးအပြီးတွင် အာဆီယံသံရုံးအကြီးအကဲများနှင့် ကနေဒါအထက် လွှတ်တော်အမတ်များဖြစ်ကြသည့် Hon. Yuen Pau Woo နှင့် Hon. Flordeliz (Gigi) Osler တို့၏ အလုပ်သဘောနေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပခဲ့ရာ အလုပ်သဘော နေ့လယ်စာ စားပွဲတွင် ကနေဒါ-အာဆီယံပါလီမန်များ ဆိုင်ရာချစ်ကြည်ရေးအုပ်စု(Group)ကို အသင်းအဖွဲ့ (Association)အဆင့်သို့ အဆင့်မြှင့်တင်ရေးဆိုင်ရာ ကိစ္စများအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ် ခဲ့ကြကြောင်း သိရှိရပါသည်။
********************************
Ambassador of Myanmar to Canada attends the Meeting of the ASEAN Committee in Ottawa and a Working Lunch
(19 February 2025, Ottawa)
Ambassador of Myanmar to Canada U Hau Khan Sum attended the 289th Meeting of the ASEAN Committee in Ottawa (ACO) Heads of Mission and a Working Lunch hosted by Mr. Kallayana Vipattipumiprates, Ambassador of Thailand and current Chair of the ACO on 19 February 2025 at the Royal Ottawa Golf Club in Ottawa.
The Meeting chaired by Ambassador Kallayana Vipattipumiprates of Thailand discussed and exchanged views on programme of events to be carried out during Thailand’s Chairmanship including Working Lunches with Senators, Members of Parliament and Ambassadors from ASEAN’s Dialogue Partners in Ottawa. The Meeting was followed by a Working Lunch with The Hon. Senator Yuen Pau Woo and The Hon. Senator Flordeliz (Gigi) Osler. During the Working Lunch, the ASEAN Heads of Mission and the Senators exchanged views on promoting the status of the Canada-ASEAN Inter-Parliamentary Friendship Group to the level of an Association