Articles

(၃၁) ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်တက်ရောက်

(၁၄-၂-၂၀၂၅ ရက်၊ နင်ဘိုမြို့)

အာဆီယံပြင်ပဆက်ဆံရေးတွင် အရေးပါသည့် အာဆီယံ-တရုတ်ဆွေးနွေးဖက် ဆက်ဆံရေး၏ (၃၁) ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲကို ပူးတွဲသဘာပတိများဖြစ်သည့် အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့မှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၄ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နင်ဘိုမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မလေးရှားနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက် အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၌ လာအိုနိုင်ငံ၌ ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၏ နောက်ဆက်တွဲ လုပ်ငန်းစဉ်များ၊ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)ကို အကောင်အထည်ဖော်မှုအခြေအနေများ၊ အာဆီယံမဏ္ဍိုင် (၃)ရပ် အောက်မှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များနှင့် ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် အာဆီယံ-တရုတ် နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးနှင့် (၂၈) ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေးတို့သို့ တင်ပြဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

**********************************************

Permanent Secretary of the Ministry of Foreign Affairs attends the 31st ASEAN-China Senior Officials’ Consultation

(14 -2- 2025, Ningbo, China)

As part of the important mechanism in ASEAN’s external relations, the 31st ASEAN-China Senior Officials’ Consultation (31st ACSOC) was convened under the co-chairmanship of Malaysia and the People’s Republic of China from 12 to 14 February 2025 in Ningbo, People’s Republic of China.
At the invitation of the Co-Chairs, Malaysia and China, the Myanmar delegation led by the Permanent Secretary of the Ministry of Foreign Affairs attended the 31st ACSOC.
At the 31st ACSOC, Senior Officials discussed the follow-up actions of the 27th ASEAN-China Summit, the progress of the ASEAN-China Plan of Action (2021-2025), developments in ASEAN-China cooperation under the three ASEAN Community Pillars, and regional and international issues. They also discussed on the preparations for the ASEAN-China Foreign Ministers’ Meeting and the 28th ASEAN-China Summit which will be held during this year.

20250218-24

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.