(၆-၂-၂၀၂၅ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS) ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Ms. Kirstine Damkjaer အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ ၁၀၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် UNOPS က မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး၊ မြန်မာနိုင်ငံနှင့် UNOPS တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမို မြှင့်တင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ UNOPS ၏ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Sanjay Mathur ၊ UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်ဖြစ်သူ Ms. Sara Austin Netzer နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
************************************
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs receives Ms. Kirstine Damkjaer, Deputy Executive Director of UNOPS in Copenhagen, Denmark
(6-2-2025,Nay Pyi Taw)
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs received Ms. Kirstine Damkjaer, Deputy Executive Director of United Nations Office for Project Services (UNOPS) in Copenhagen, Denmark at 1030 hrs on 6 February 2025 at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters related to UNOPS’s ongoing activities in Myanmar and discussed about enhancing cooperation between Myanmar and UNOPS.
Also present at the meeting were Mr. Sanjay Mathur, Regional Director of UNOPS Asia Region in Bangkok, Ms. Sara Austin Netzer, Country Director and Representative of UNOPS in Myanmar, and senior officials of the Ministry of Foreign Affairs.