Articles

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကိုကိုကျော်သည် ကိုရီးယားသမ္မတနိုင်ငံ၊ Chung-Ang University (CAU)၊ အငြိမ်းစားဂုဏ်ထူးဆောင် ပါမောက္ခ Dr. Taehyun Kim အား လက်ခံတွေ့ဆုံ

(၁၀-၁-၂၀၂၅ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကိုကိုကျော်သည် ကိုရီးယားသမ္မတနိုင်ငံ၊ Chung-Ang University (CAU)၊ နိုင်ငံတကာလေ့လာရေးဘွဲ့လွန်ကျောင်း (GSIS) ကမ္ဘာလုံး ဆိုင်ရာ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး (FGPT) ဆိုင်ရာ CAU ဖောင်ဒေးရှင်းဥက္ကဌ အငြိမ်းစားဂုဏ်ထူးဆောင် ပါမောက္ခ Dr. Taehyun Kim အား ၁၀-၁-၂၀၂၅ ရက်(သောကြာနေ့)၊ (၁၀၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကိုကိုကျော်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ခိုင်မာရေး နှင့် ပညာရေးနှင့် သက်ဆိုင်ရာကဏ္ဍရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ ပူးပေါင်းဖွင့်လှစ်နိုင်မည့် အခြေအနေများအပါအဝင် မြန်မာသံတမန်များအတွက် ဘာသာရပ်ဆိုင်ရာ ရက်တိုသင်တန်းများ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ် ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

Deputy Minister for Foreign Affairs U Ko Ko Kyaw received Dr. Taehyun Kim, Professor Emeritus of Chung-Ang University (CAU)

(10-1-2025, Nay Pyi Taw)
Deputy Minister for Foreign Affairs of the Republic of the Union of Myanmar U Ko Ko Kyaw received Dr. Taehyun Kim, Professor Emeritus of International Relations at the Graduate School of International Studies (GSIS), Chung-Ang University (CAU) at 10:30 AM on 10th January 2025 at the Ministry of Foreign Affairs in Nay Pyi Taw.
During the call, they discussed matters related to strengthening bilateral relations in the context of education and respective sectors between the Republic of the Union of Myanmar and the Republic of Korea, the establishment of a professional graduate school in Myanmar, including various short-term capacity building programs and workshops for Myanmar diplomats.

20250130-32

20250130-32

20250130-32

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.